ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Tuesday, November 6, 2007

ကမ္ဘာမကြေဘူးဟေ့

မောင်တင်ထွန်း

စစ်ဖိနပ်အောက်က
အနင်းခံထားရတဲ့ဘ၀တွေ
မြင်ကြည့်စမ်းလျှင်ငါရင်နာစမ်းပါဘိ

လက်နက်ကိုပြ အတင်းအဓမ္မ
မလိုက်မနေရ နအဖ ထောက်ခံပွဲ
လုပ်ကြံပြဇာတ်ကမ္ဘာသိတယ်
ဖိနှိပ်ရိုက်နှက် သတ်ဖြတ်နေလည်း
ငါတို့ဆန္ဒထုတ်ဖော်ပြမယ်
အဖြူရောင်အုတ်နံရံပေါ်
လက်မောင်းသွေးကိုဖောက်ကာ
ငါတို့ရေးမယ်
ကမ္ဘာမကြေဘူးဟေ့။ ။

No comments: