ဧရာဝတီ | နိုဝင်ဘာ ၂၀၊ ၂၀၀၇
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးပညာဇောတအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဦးပညာဇောတ၏ မိန့်ကြားချက်အပြည့်အစုံကို ဖော်ပြပါခေါင်းစဉ်အလိုက် နာကြားနိုင်ပါပြီ။
သံဃမဟာနာယကအဖွဲ့နှင့် ပြည်သူပြည်သားများသို့ ပန်ကြားချက်
ပြည်တွင်းရှိ သံဃာတော်များသို့ ပန်ကြားချက်
သံဃာ့ဥသျှောင်အဖွဲ့နှင့် ပြည်ပဒီမိုကရေစီအင်အားစုများသို့ ပန်ကြားချက်
Tuesday, November 20, 2007
သံဃာ့တပ်ပေါင်းစု၏ ပန်ကြားချက်
Posted by
ကိုဈာန်
at
4:46 AM
0
comments
Labels: အင်တာဗျူး
Thursday, November 8, 2007
၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ မသေ
ရဲဘော်မီးမီး
ကျမတို့ တိမ်းရှောင်နေရပေမယ့် ကျမတို့နဲ့ ဆက်သွယ်နိုင် တဲ့ နေရာတွေမှာ ကျောင်းသားတွေဟာ လူကိုယ်တိုင်၏ သော်လည်းကောင်း၊ သူတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း တွေသော် လည်းကောင်း ကျမတို့ကို သူတို့ အမြဲတမ်း ဆက်သွယ်ပါတယ်။ သူတို့ လုပ်မယ့်ဟာ တွေကိုလည်း ကျမတို့ကို သူတို့ ပြောပြပါတယ်။ ကျမတို့က သူတို့ကို ဦးဆောင်မှု မပေးပါဘူး။ သူတို့ရင်တွင်းက ဆန္ဒနဲ့သူတို့ဘာသာ သူတို့ဖေါ်ထုတ်နေကြတာပါ။
ကျမတို့က ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး ဖွဲ့ထားတာကိုက ကျမတိုချည်းမဟုတ်ဘူး။ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ယနေ့အထိ ကျမတို့မြန်မာပြည်ကို အလင်းရောင်ပွင့်လန်းလာအောင်လုပ်နိုင်တဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို ဆိုလိုပါတယ်။ ကျမတို့အကိုတွေမရှိတော့လည်း ကျမတို့ဆက်လုပ်တယ်။ အဲဒီလိုပါပဲ ကျမတို့တိမ်းရှောင်နေရပေမယ့်လည်း ၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ နေရာအနှံ့မှာ ရှိပါတယ်။ သူတို့ဘယ်လောက် ဖြိုခွင်းဖြိုခွင်း ကျမတို့ ၈၈ ကျောင်းသားမျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အခုလို ကျောင်းသားတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ကျမအနေနဲ့ကတော့ ၁၉၈၈ လိုမျိုး သွေးထွက်သံယိုဖြစ်မှုပေါ့၊ အဲဒီလိုဖြစ်မှုမျိုးကြီးကို ကျမတို့မြန်မာပြည်သူလူထုတွေအနေနဲ့ နောက်တကြိမ် ထပ်ပြီးတော့ မခံစားစေချင်ပါဘူး။
ဒါပေမယ့် အခုလိုမျိုးသာ အာဏာကိုသုံးပြီးတော့ လိုက်လုပ်နေမယ်ဆိုရင်တော့ ၁၉၈၈ ထက်
ဆိုးတဲ့ အာဏာရှင်မှန်သမျှ လုံးဝချုပ်ငြိမ်းသွားစေမယ့် လူထုအုံကြွမှုကြီးတော့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။
ရဲဘော်မီးမီး
၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင်
Posted by
thitsarforce
at
5:49 AM
0
comments
Labels: အင်တာဗျူး

ရန်သူနှင့်စကားပြောခြင်း
ကြိုးစင်ပေါ်မှမှတ်တမ်းများ (အိုးဝေဦးထွန်းအောင်နှင့်ဦးစံရွှေ) ချက်ဘာသာမှ မြန်မာပြန်ဆိုသည်
အမြင့်ပျံပြည်သူ့ လင်းယုန်အားဂုဏ်ပြုခြင်း
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ
