ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်
(၄/၂၀၀၈)
၂၀၀၈ ခုနှစ် မေလ ၃၁
---
Sunday, June 1, 2008
"နအဖ အခြေခံဥပဒေ" အတည်ပြုခြင်းနှင့် ပတ်သက်ပြီး
Posted by
thitsarforce
at
2:49 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Tuesday, May 20, 2008
Monday, November 12, 2007
ဒေါ်စုအောင်ဆန်းကြည် ထုတ်ပြန်ချက်အပေါ် ပြည်တွင်းရှိ တိုင်းရင်းသားအဖွဲ.များ၏ သဘောထား ကြေညာချက်
Posted by
thitsarforce
at
12:55 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Tuesday, November 6, 2007
CRPP မှ ပြည်သူသို့ ပန်ကြားချက် (စက်တင်ဘာ ၂၅၊ ၂၀၀၇)
Posted by
thitsarforce
at
10:22 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ပြသမှုများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းနှင့်ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ၊ ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁ ရက်
ယနေ့ မြန်မာနိုင်ငံ၌ သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသော နိုင်ငံနှင့် အ၀ှမ်း ငြိမ်းချမ်း စွာ ဆန္ဒပြမှုများသည် တိုင်းပြည်၌ လူထု နေ့စဉ်ရင်ဆိုင်ခံစားနေရသော လူမှုဒုက္ခအ၀၀၏ အကျိုးဆက်ပင် ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ အပေါ် န၀တ နအဖ အစိုးရမှ အင်အားသုံးဖြိုခွဲခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်း၊ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် နိုင်ငံရေး အကြမ်းဖက်မှုများကို ပြည်သူလူထု မျက်စိရှေ့ မှောက်မှာပင် ဗြောင်ကျကျ ကျူးလွန်ခဲ့သည်၊
ထိုသို့အကြမ်းဖက်မှုများ ပြုလုပ်ဟန့်တားနေသည့် ကြားမှ ဆန္ဒပြမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ သော ရဟန်းရှင်လူ မိဘပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် များနှင့် ကျောင်းသူ၊ ကျောင်းသား အားလုံးတို့သည် ပြည်သူလူထု အကျိုးစီးပွားအတွက် ပြည်သူ့ရှေ့မှ မားမား မတ်မတ်ရပ်ကာ အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်၊
ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွဲရာတွင် ပါဝင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်အဖွဲ့ အမည်ခံ နအဖအစိုးရ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ရသူများမှာလည်း အများနည်းတူ အခက်အခဲ အကြပ် အတည်းများကို ခါးစည်းခံနေကြရသည်သာဖြစ်ပေသည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်အဖွဲ့ဝင်တို့အနေဖြင့် အဖြစ်မှန် အကြောင်းရင်းမှန်ကို ဆင်ခြင်သုံးသပ်၍ အများအကျိုးအတွက် အနစ်နာခံ ဆန္ဒပြနေသူများအပေါ် ယခုကဲ့သို့ မပြုမူပဲ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် အများအကျိုးကို ရှေးရှုသော လူသားအဖြစ် လူ့ဘ၀ကို ရယူသင့်ပေသည်၊
မြန်မာနိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေးဆုံးရှုံးမှု၊ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများနှင့်အတူ ကြုံတွေ့ နေရသော ဒုက္ခအပေါင်း၏ အကြောင်းရင်းခံမှာ အာဏာရှင်နိုင်ငံရေးစနစ်ကြောင့်ပင် ဖြစ်ပေသည်၊ ပြည်သူ ပြည်သားများ၏ စီးပွားရေး။ လူမှုရေး အကြပ်အတည်းများအား ဖြေရှင်းနိုင်ရန်မှာ အာဏာကိုတဘက်သတ် ကျင့်သုံး၍ ပြည်သူပြည်သားများ၏ ဆန္ဒအား မျက်ကွယ်ပြုထားသော အာဏာရှင်နိုင်ငံရေးစနစ်ဖြင့် ဖြေရှင်း၍ မရနိုင်၊ တိုင်းရင်းသားမျာ၊း နိုင်ငံရေး အင်အားစုများနှင့် စစ်တပ်အင်အားစုများအားလုံးငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာ ဖြေရှင်းနိုင်မည်ဟု နိုင်ငံတကာမိသားစုများ၊ ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ နအဖအား စဉ်ဆက်မပြတ် တိုက်တွန်းတောင်း ဆိုခဲ့သည်၊
ပြည်သူပြည်သားတရပ်လုံးကလည်း ၁၉၈၈ တွင် လည်းကောင်း ၁၉၉၀ ရွေးကောက်ပွဲတွင် လည်းကောင်း ပြည်သူ၏ ဆန္ဒအစစ် အမှန်ကို ပြသခဲ့ပြီးဖြစ်သည်။ သို့သော် နအဖအစိုးရမှ တချက်လွှတ်အာဏာကို အသုံး ပြုပြီး ဖိနှိပ်မှု၊ ဖမ်းဆီးမှုများဖြင့်သာ ပြည်သူများအား တုံ့ပြန်ခဲ့သည်၊ ထိုသို့ဖမ်းဆီးထိန်းသိမ်းထားသော ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများအား အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း အထူးလိုအပ်သည်၊
ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ပြည်သူပြည်သားများ၏ လူမှုဒုက္ခအပေါင်းမှ ကင်းလွတ်ရေး အတွက် စစ်မှန်သော နိုင်ငံရေး ဖြေရှင်းမှုဖြစ်စေရန် မည်သည့် ဖိနှိပ်ချုပ်ချယ်မှု၊ မတရား ဖမ်းဆီးမှု၊ အကြမ်း ဖက်မှုကိုမဆို ကြံ့ကြံ့ခိုင်ရင်ဆိုင်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာပြည်သူပြည်သား အပေါင်းနှင့် တသားတည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်၊
Posted by
thitsarforce
at
10:20 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
သောတုဇနဘိက္ခုအဖွဲ့၏ကြေညာချက်
စက်တင်ဘာလ ၆ ရက် ၂၀၀၇ ခုနှစ်
၁၃၆၉ ခုနှစ် ၀ါခေါင်လဆုပ် ၉ ရက် ကြာသပတေးနေ့
၁၊ ပခုက္ကူမြို့ ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြကြသော သံဃာရတနာများအား နအဖလက်ကိုင်တုတ်များက သေနတ်ဖြင့်ပစ်ခတ်ခြင်း။ ဦးခေါင်းအား နံပါတ်တုတ်ဖြင့်ရိုက်ခြင်း။ တိုင်များတွင် ကြိုးများဖြင့်ချည်နှောင်ထားခြင်း။ တိရစ္ဆာန်များပမာ ကြိုးကွင်းပစ်ဖမ်းဆီးခြင်းတို့အား မိမိတို့သံဃာထုက စက်ဆုပ်မုန်းတီးစွာဖြင့် ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်လိုက်သည်။
၂၊ ယခုအခါ သံဃာ့မဟာနာယကအဖွဲ့သည် အာဏာပိုင်များနှင့်ပူးပေါင်းပြီး သံဃာ့စွမ်းအားရှင် အဖွဲ့သို့ အသွင် ကူးပြောင်းကာ သံဃာငယ်များအား ကိုယ်ထိလက်ရောက်ကျူးလွန်လာသည်မှာ ပခုက္ကူစွမ်းအားရှင် ခေါင်းဆောင် ငတေဇော၏လုပ်ရပ်မှာ အထင်ရှားဆုံးသာဓကတစ်ခုဖြစ်ပါသည်။
၃၊ သို့ပါ၍ သံဃာတော်များ၏ ဦးဆောင်နာယကအမည်ခံ အာဏာပိုင်လက်ပါးစေ သံဃာတု၊ သံဃာယောင် အဖွဲ့ဆိုးအား အသိအမှတ်မပြုတော့ကြောင်း ကြေညာလိုက်သည်၊ သံဃာ့နာယက ဆိုင်းဘုတ် အားလုံး ဖြုတ်ချကြရန် တိုက်တွန်းနျိးဆော်လိုက်သည်။
၎၊ မိမိတို့သံဃာထုအား တိရစ္ဆာန်ပမာ ဆက်ဆံရုံမျှမက အသက်အန္တရာယ်ပါရန်ရှာနေသော အာဏာပိုင်များအား ဒကာဒကာမ ပြည်သူများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားကြရန် အလေးအနက် တိုက်တွန်းနှိုဆော်လိုက်သည်၊
သောတုဇန ဘိက္ခု
Posted by
thitsarforce
at
10:10 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်




ရန်သူနှင့်စကားပြောခြင်း
ကြိုးစင်ပေါ်မှမှတ်တမ်းများ (အိုးဝေဦးထွန်းအောင်နှင့်ဦးစံရွှေ) ချက်ဘာသာမှ မြန်မာပြန်ဆိုသည်
အမြင့်ပျံပြည်သူ့ လင်းယုန်အားဂုဏ်ပြုခြင်း
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ
