စက်တင်ဘာ ၂၅ ရက် ၂၀၀၇
စစ်အုပ်စုက အရေးယူမယ်လို့ခြိမ်းခြောက်ပေမယ့် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောကြားရင်း သောတုဇနဘိနက္ခုရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အရှင် အဓိပတိက ယခုလို မိန့်ကြားသွားသည်။
ဦးပဉ္စဇင်းတို့ ဆန္ဒတွေကို ဆက်လက်ဖော်ထုတ်မယ်။ ဦးဉ္စဇင်းတို့ ရင်ထဲရှိတဲ့အတိုင်း ဒကာ၊ ဒကာမတွေရဲ့ စားဝတ်နေရေး ပြေလည်ရေး၊ အေးချမ်းသာယာရေးအတွက် ဦးဉ္စဇင်းတို့ရဲ့ မေတ္တာတွေကို ဆက်လက် ဖြန့်ဝေသွားမှာဖြစ်တယ်။ ဦးဇင်းတို့ရဲ့ သောတုဇနဘိက္ခုအပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးမှာရှိတဲ့ သံဃာတွေအားလုံးဟာ သာသနာကို သွေးနဲ့ရေးမယ်။ ဆက်လက် ပြီးတော့ ကာကွယ်သွားဖို့အတွက် အမြဲအသင့်ရှိတယ်။ လျှော့ပေးမှာတော့မဟုတ်ဘူး။
စစ်တပ်ရဲ့လက်သုံးစကားဟာ ဓမ္မစက်နဲ့မရရင် အာဏာစက်နဲ့သုံးမယ်ဆိုတဲ့စကားကို မကြာမကြာသုံးတယ်။ အခုလက်ရှိ နအဖက ၈၈ ကျောင်းသားတွေရဲ့သွေးကိုသောက်ပြီးတော့ ရှင်သန်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်လေ။ အဲဒီတော့ ဦးဇင်းတို့က ဒီမလောက်လေးမလောက်စာ ဒီစစ်တပ်က ခြိမ်းခြောက်တာကို လုံးဝကြောက်ရွံ့မှာမဟုတ်ဘူး။ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်။
ဒီဗီဘီ
Tuesday, November 6, 2007
သာသနာကို သွေးနဲ့ရေးမယ်...
Posted by
thitsarforce
at
9:42 PM
Labels: သမိုင်းစကား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment