ဗိုလ်ချုပ်ကျော်ဇောတဲ့
မြောက်ပိုင်းကအဖိုးတယောက်
သူဟာလူသားပီပီ
ဂရုဏာ တရားရင်မှာမွေး
မေတ္တာတေးသီဆို
မိမိကိုယ်ရဲ့အရေး အလေးမထား
သူတပါးရဲ့ဆင်းရဲဒုက္ခကို
မိမိဒုက္ခလိုခံယူ
နှလုံးတူ ဖြူစင်မှုအပေါင်းနဲ့
စွန့်လွှတ်မှု သရဖူဆောင်းခဲ့တဲ့
သူရဲကောင်းတယောက်
မတရားမှုကိုတော်လှန်
တရားမျှတမှုကိုသာလက်ခံတဲ့
ဖြောင့်မှန်တဲ့လူတဦးပါ
လူ့သိက္ခာကို တန်ဘိုးထား
လူစွမ်းအားကို ရိုသေ
လူသားမှန်သမျှ ကြင်နာ
စာနာမြင့်မြတ်သူတဦး
လွတ်လပ်မှုအတွက်တိုက်ပွဲဝင်
အသင်ရဲ့ ဂုဏ်အစုစုကို
အာရုဏ်ပြုမော်ကွန်းတင်
သမိုင်းမှာတွင်ရော့မယ်
မီးရှူးတိုင် တန်ဆောင်ဆီမီးကဲ့သို့
သင့်ဂုဏ်ရောင် ပြောင်ပြောင်ညီးပေလိမ့်
အအောင်ကြီးအောင်၍
အသက်ရာကျော်ရှည်ပါစေလို့
မွေးနေ့ဆုမွန်ခြွေပါလေသတည်း
ဒေါင်းမလေး(မန္တလေး)
Sunday, December 2, 2007
လူသားတန်ဆောင် ဂုဏ်ရောင်ပြောင်သူသို့
Posted by
thitsarforce
at
6:25 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment