ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Monday, May 12, 2008

ဒေးဒရဲဘက်ကိုသွားရောက်လှုတန်းသည့်အလှုရှင်တဦး၏ပေးစာ

ဆုံဆည်းရာ၊ မေလ ၁၂ ရက် ၂၀၀၈

ဒီနေ့ ဒေးဒရဲဘက်ကို သွားလှူကြတယ်ကွာ။ ထောက်ပံ့ရေး ပစ္စည်းတွေက နေရာတော်တော်များများကို မရောက်ဘူး။ ကွမ်းခြံကုန်းဘက်ကိုတော့ ရောက်တယ်ကွာ။ ဒါပေမယ့် ကြားထဲက ရွာတွေကိုတော့ မဝေဘူးကွ။ ကြားထဲမှာရှိတဲ့ ရွာတွေက ငတ်နေကြတယ်ကွာ။

အိမ်တွေလဲ နေစရာ မရှိ ၀တ်စရာ မရှိနဲ့ တော်တော်သနားဖို့ကောင်းတယ်။ သူတို့ကို လှူတဲ့ပိုက်ဆံ ၅၀၀၀ လောက်ကိုကွာ တစ်ခါမှမကိုင်ဘူးဘူးတဲ့။ မုန်တွေဝေတော့လဲ ဒီလိုမုန့်တွေ မြင်တောင်မမြင်ဘူးဘူးတဲ့။ အဲဒီမုန့်ဆိုတာ ငါတို့လို သာမန်လူတန်းစားတွေတောင် ပေါပေါလောလော ၀ယ်လို့ရတဲ့ ဘီစကစ်တွေပါကွာ။

ကယ်ဆယ်ရေး စခန်းတွေမှာလဲ တစ်ချို့ အစားသောက်တွေဆို သိုးတောင်သိုးနေပြီ။ မနက်ထဲက ဝေမယ်ဆိုပြီး တန်းစီခိုင်းထားတာ ငါတို့ ပြန်လာတဲ့ညနေအထိ ဝေတောင်မဝေရသေးဘူး။

အာဏာပိုင်တွေက တော်တော်ရက်စက်နေကြတာကွာ။ ပြည်သူတွေဆီ အပြည့်အ၀မရာက်ဘူး။

ငါဆို မျက်ရည်တောင်ကျချင်တယ်။ မနည်းထိန်းထားရတယ်။ သူတို့ဆီ တိုက်ရိုက်လှူမယ်ဆိုတော့လဲ မရဘူး။ အစိုးရဆီကိုပဲ အပ်ရမယ်တဲ့။ တော်တော်စိတ်ထားယုတ်တဲ့သူတွေ။

No comments: