မြ၀တီသို့ သွားသည့် ယူအန် ကယ်ဆယ်ရေးကားများကို ချစ်ကြည်ရေးတံတားတွင် တွေ့ရစဉ်
မုန်တိုင်းဒဏ်ခံရသည့် မြန်မာနိုင်ငံသားများအတွက် ကုလသမဂ္ဂမှ ပေးပို့သည့် မိုးရေကာဖျင်များနှင့် ရွက်ဖျင်တဲများကို ပထမဦးဆုံးအကြိမ်အဖြစ် ကုန်းလမ်းမှတင်သွင်းခွင့်ကို မြန်မာအာဏာပိုင်များက ယနေ့မှစတင်၍ ခွင့်ပြုလိုက်သည်။
ယနေ့မွန်းလွဲ (၁)နာရီမှစတင်ကာ ကုလသမဂ္ဂမှပေးပို့သည့် အဆိုပါပစ္စည်း (၂၂)တန်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြဝတီမြို့သို့ ပေးပို့လိုက်ပြီး မြန်မာအာဏာပိုင်များမှတဆင့် မုန်တိုင်းဒဏ်ခံရသည့် နေရာဒေသများသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
ယခုပေးပို့သည့်ပစ္စည်းများသည် လူဦးရေ (၁) သောင်းအတွက်ဖြစ်ပြီး လမ်းကြောအဆင်ပြေပါက ဆက်လက်ပေးပို့သွားရန်အစီအစဉ် ရှိသည်ဟု ကယ်ဆယ်ရေးပစ္စည်းလာပို့သည့် ကုလသမဂ္ဂ တာဝန်ရှိသူတဦးက သတင်းထောက်များအား ပြောသည်။
ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးခွဲမှ အကြီးတန်း ဒေသဆိုင်ရာ လူထုပြန်ကြားရေးအရာရှိ ဗီဗီယန်တန်က “ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်။ ပလပ်စတစ် မိုးရေကာ ဖျင် အချပ်ရေ (၄၆၀၀) နဲ့ ရွက်ဖျင်တဲ (၁၈၂) ခု ပါရှိတဲ့ လူ(၁) သောင်းစာ ဖြစ်တယ်။ နောက်ထပ် ပို့ဖို့ အစီအစဉ်လည်းရှိတယ်။ ကယ်ဆယ်ရေး စားနပ်ရိက္ခာတွေကိုတော့ ယူအန်က လေကြောင်း လမ်းနဲ့ပဲ ပို့မှာဖြစ်တယ်။ အလားတူပစ္စည်းတွေကိုတော့ ကုန်းလမ်းကနေပဲ ပို့မှာဖြစ်တယ်။ အခု
ပို့တာ အားလုံး မက်ထရစ် (၂၂) တန်ဖြစ်တယ်” ဟုပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သည် နိုင်ငံတကာမှ လှူဒါန်းသည့်ပစ္စည်းများအား ကုန်းလမ်းမှ တင် သွင်းခွင့်ပြုသည့် ပထမဆုံး မြို့ဖြစ်သည်။ ။NEJ/ မေ ၁၀ ၂၀၀၈
သတင်းခေတ်ပြိုင်
Saturday, May 10, 2008
မုန်တိုင်းကယ်ဆယ်ရေးပစ္စည်းများ မဲဆောက်မှတဆင့် ကုန်းလမ်းဖြင့်ပို့ဆောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment