ဧရာဝတီ | မေ ၂၆၊ ၂၀၀၈
ယနေ့နံနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အချိန် ၁ နာရီခန့်ကြာသည် အထိ မီးညွန့်မကျိုးဘဲ လောင်ကျွမ်းခဲ့ကြောင်း ဘန်ကောက်မြို့နေ မြန်မာတဦးက ပြောသည်။
၎င်း မီးလောင်မှုနှင့် ပတ်သက်၍ မြန်မာ သံရုံးမှ တာဝန်ရှိသူတဦးက ဝါယာရှော့ ဖြစ်ကြောင်း ပြောကြားသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့၏ စီးပွားရေးအချက် အချာကျရာ အရပ်တွင် တည်ရှိသော ကိုလိုနီခေတ်ပုံစံ မြန်မာ သံရုံး ဒုတိယ ထပ်ကို အဓိက လောင်ကျွမ်းပျက်စီး သွားပြီး အမိုးအနည်းငယ်ပါသွားသည်ဟု ကြားသိရသည်။
၎င်း သံရုံး၏ ဗီဇာဌာနလည်း မီးထဲပါ သွားရာ မီးလောင်မှု မဖြစ်ပွားခင် သုံးပတ်ခန့်က နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသူများအား သွားရောက်ကူညီရန် မြန်မာနိုင်ငံသို့ သွားခွင့် ဗီဇာများကို နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများစွာက ဘန်ကောက်အခြေစိုက် မြန်မာသံရုံး တွင် လျှောက်ထားခဲ့ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြထားသည်။
Monday, May 26, 2008
ဘန်ကောက်အခြေစိုက် မြန်မာသံရုံး မီးလောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment