၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ည ၁၁နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအောက်ရှိ ရေလယ်ကျွန်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ရေလယ် ကျွန်းအစိုးရအဖို့ ပျားပန်းခတ်မျှအလုပ်များသွားတာကိုတွေ့ရသည်။ ရေလယ်ကျွန်းဆိုတာ က ထိုင်းအစိုးရရော မြန်မာအစိုးရပါ မပိုင်ဆိုင်ကြဘဲ ကွက်လပ်ဖြစ်နေသည့် မက်လောက် စရာနေရာတခုမဟုတ်ပါလား။ ရေလယ်ကျွန်းအစိုးရမှ အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မိမိတို့အစိုးရပိုင် ပစ္စည်းနှင့် ငွေကြေး မည်မျှဆုံးရှုံးသွားကြောင်းကို အတင်းနှင့် ဂန်ဖလား ရေးရာ ၀န်ကြီးဌာနမှ ကြေငြာချက်တစောင်ထုတ်ပြန်၍ ပြည်သူလူထုထံ အသိပေးသည်ကို
နိုင်ငံတကာအစိုးရများနှင့် သတင်းမီဒီယာတို့က ဖတ်ကြရသည်။ ထိုသို့ဖတ်ကြည့်မှ သောင်ရင်းမြစ် ကမ်းနဖူးကို မေးတင်၍ ရေလယ်ကောင်အနီး သောင်ထွန်းနေရာ ရေလယ် ကျွန်းနိုင်ငံငယ်လေး အကြောင်းကို နိုင်ငံတကာက သတိပြုမိလာကြသည်။ ဟော…ကြည့် ပါအုံး။
“ဟေ့ မရိတ်ကြီးရေ၊ တို့ ရေလယ်ကျွန်းအစိုးရရဲ့ အတင်းနဲ့ ဂန်ဖလား ရေးရာ ၀န်ကြီးဌာန ကနေ အထူးကြေငြာချက် အမှတ် ၁/၂၀၀၈ ဆိုတာကို နင်ဖတ်ပြီးပြီလား ဘယ်လိုသဘော ရလဲဟေ့”
“အို … ကိုခွင်ဖန်ကလဲ ပြောရော့မယ်တော်..၊ ရေလယ်ကျွန်းအစိုးရမှာ ဘယ်လိုဝန်ကြီးဌာ တွေရှိနေမှန်း၊ သူတို့ဘာတွေလုပ်နေမှန်း ကျုပ်တို့ကောင်းကောင်းမသိပါဘူးတော်… အခုကြေငြာချက်ထွက်လာမှ ရေလယ်ကျွန်းအစိုးရပိုင် ဒေါ်လာသန်း ၂၀၀၀ တန် အထပ် ၄၀၀ရှိတဲ့ တိုက်ကြီး(ရွံ့နှင့် လုပ်ထားသောတိုက်)ပျက်စီးသွားကြောင်းဆိုတာရယ်၊ ယူရို သန်း ၃၀၀၀လောက်တန်တဲ့ စိန်တွေ(စိန်တံဆိပ်ခေါက်ဆွဲထုပ်တွေကိုပြောတာပါ) ပျက်စီး သွားတဲ့အကြောင်းရယ်၊ သေနတ်ပေါင်းစုံ(သရက်သီးသနပ်၊မရမ်းသီးသနပ်၊ သံပုရာသီးသ နပ်)အလက်ပေါင်း ၁၀၀၀၀လောက် ပျက်စီးသွားကြောင်း အထူးထိန်းသိမ်း ထားတဲ့ ဘဏ္ဍာ ငွေတွေ ယူရိုဘီလီယံ သန်း ၅၀၀၀ လောက်(ယူထားတဲ့ ယိုပေါက်တွေကို ယူရိုဟုခေါ်စေ) ပါသွားတဲ့အကြောင်း ကြေငြာချက်ထုတ်ပြန်ပါမှ တို့ပြည်သူတွေသိရတယ် ဟေ့… အားပါး ပါး နှမြောစရာကြီးနော် ဒီလောက်တန်ဘိုးကြီးတာတွေကို တို့အစိုးရက ပိုင်ဆိုင်မှန်း ခုမှ သိရတာနာသကွာ…
ထိုစဉ်ခဏ၀ယ် ရေလယ်ကျွန်းနေ ပြည်သူလူထု၏သူ့အစိုးရအပေါ် ကောင်းချီးပေးသံများ ဆူညံသွားသည်ကို ကြားကြရသည်။ “…မြင်းမသားအစိုးရ” “… …ရိုး အစိုရ” “… … … ရိုး အစိုးရ” “တေဂျင်းချိုး အတိုးရ” ဟူ၍ ဖြစ်ပါသတည်း…။
ပေးပို့သူ … အဓမ္မ လဲဗီး (ထိုင်း-မြန်မာနယ်စပ်)
(ဂန်ဖလား…အိမ်သာသုံးခွက်ကို ကုလားလို ခေါ်ဝေါ်သောအမည်)
Saturday, March 1, 2008
ရေလယ်ကျွန်းအစိုးရ နှင့် ပတ်သက်သမျှ
Posted by
thitsarforce
at
4:59 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment