မဲဆောက်မြို့ အနောက်မြောက်ဘက် ၄ ကီလိုမီတာအကွာတွင်ရှိသော ဘန့်ဆောင်ခွဲရပ်ကွက်ကြီး၊ ဆောင်ခွဲနိမ်ရပ် ကွက် အမှိုက်ပုံတွင် ယနေ့နံနက် ၀၈း၃၀နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၄ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ ဒဏ်ရာရရှိသူများမှ အမျိုးသား ၇ဦး၊ အမျိုးသမီး ၄ဦး၊ ကလေး ၃ဦး ဖြစ်ပြီး အမှိုက်ကောက်လုပ် ငန်းဖြင့် အသက်မွေး ၀မ်းကြောင်းပြုနေကြသူများဖြစ်သည်။ မဲဆောက်ဆေးရုံးကြီးတွင် ယင်းတို့ ၁၄ဦး ဆေးဝါးကုသ မှု ခံယူနေဆဲရှိသည်။ အမှိုက်ပုံတွင် မြန်မာပြည်သား ၃၀၀ ခန့် မှီတင်နေထိုင်ကာ အမှိုက်ကောက်လုပ်ငန်းဖြင့် ရှာ ဖွေစားသောက်နေကြပြီး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သားအများစု နှင့် မုတ္တမ၊ဘီးလင်းနယ်များမှ ရောက်လာ ကြသူများဖြစ်သည်။
Friday, February 22, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment