ပျောက်ဆုံးနေတဲ့လူတွေကိုလိုက်မရှာတာ သူတို့ကိုမြှင်းပြီးသတ်တာမျိုးပဲ။ နိုင်ငံတကာအကူအညီတွေကိုလက်မခံတာ၊ ခိုးယူတာဟာလည်း အငတ်ထားသတ်တာတမျိုးပဲ။ ရသင့်တဲ့ဆေးဝါးကုသခွင့် မပေးတာဟာလည်း ရောဂါပိုးနဲ့တိုက်သတ်တာတမျိုးပဲ။

Thursday, February 14, 2008

ထိုင်း- မြန်မာနယ်စပ်ရောက် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦပါကဋ ၏ မိန့်ကြားချက်


မြန်မာပြည်ဒီမိုက်ရေစီအရေးအတွက် ရဟန်းတွေက တာဝန်ကျေအောင် ဆောင်ရွက်ပြပြီးဖြစ် သလို ပြည်တွင်းပြည်ပက ပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေကလဲ မြန်မာပြည်အတွက် အရေးကြီးတဲ့အချိန်ကျရောက်နေပြီဆိုတာကို သတိပေးချင်ပါတယ်။ အဓိကကတော့ ပြောသ လိုလုပ်ဖို့နဲ့ ကိုယ့်နေရာနဲ့ကိုယ် တာဝန်ကျေကြဖို့ပါပဲ။
ဦးပါကဋ(သံဃတပ်ပေါင်းစုဦးဆောင်ဆရာတော်၊ ၂၀၀၇၊စက်တင်ဘာလ၊ ရွှေဝါရောင်တော် လှန်ရေးး)
ဦပါကဋ ဆိုတာ သာယာဝတီ အကျဉ်းထောင်ထဲမှာ နှစ်ကြိမ်တိုင်တိုင် တိုင်းပြည်နဲ့လူမျိုးအ တွက် အနစ်နာခံခဲ့တဲ့ဆရာတော်တပါးဖြစ်ပါတယ်။ ဆရာတော်နဲ့အတူ အကျဉ်းထောင်ထဲမှာ အတူ နေထိုင်ရပ်တည်ခဲ့သူတွေက(နတ်ဇော)လို့ ချစ်စနိုးခေါ်ကြပါတယ်။ နတ်မောက်မြို့ ဦးပညာဇောတ ဆိုတဲ့ အဓိပ္ပါယ်ကို အတိုကောက်ခေါ်ကြတာပါ။ ဆရာတော်ဟာ ၁၉၉၀ ခုနှစ် ပထမအကြိမ် သံဃကံဆောင်သပိတ်တိုက်ပွဲမှာ ဦးဆောင်ပါဝင်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင် ကလွတ်မြောက်ပါတယ်။ နိုင်ငံ့အရေးကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပြီး ဒုတိယ အကြိမ် အဖမ်း ခံရကာ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ သာယာဝတီအကျဉ်းထောင်ကနေ ဒုတိယမ္ပိ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်နဲ့ တရက်ထဲ တပြိုင်ထဲ လွတ်မြောက်သူက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ကတော့ စစ်တွေထောင် ကနေလွတ်မြောက်လာပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ဒုတိယအကြိမ် ကံ ဆောင်ပွဲမှာ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး အတွင်းမှာ ဦးဆောင် သံဃာတပါးအနေနဲ့ ယခုအခါ ထိုင်း- မြန်မာနယ်စပ်ကိုရောက်လာသော်လည်း အတွေးများ ပုံရိပ်များ ရပ်တည်ချက်များ လှုပ်ရှားပုံဖေါ်မှုများ လုံးဝမပြောင်းလဲသေးတာတွေ့ရပါတယ်။
ပေးပို့သူ… သောင်ရင်းနဂါး

No comments: