(ဇင်ဇင်)
အဲဒီနေ့မှာ
ငြိမ်းချမ်းရေး ချိုးငှက်တွေ
အပြာရောင် ကောင်းကင်မှာ ပျံသန်း လို့
အဲဒီနေ့မှာ
အဖြူရောင် ပန်းခင်းကြီးလည်း
မွှေးမြ ချိုအီနေတယ်
အဲဒီနေ့မှာ
မေတ္တာ လေပြေညှင်း က
နူးညံ့စွာ တိုးဝင်လို့ 
အဲဒီနေ့မှာ
ချိုမြမြ သားချော့တေး တွေသီကုံး
အနီရောင် သွေးတွေက
နို့ရည်ဖြစ်သွားတယ် ….
အဲဒီနေ့မှာ
ကျမ ရဲ့ပါးပြင် ကို
အမေက ဖွဖွလေး နမ်းသွားတယ်။
အဲဒီနေ့ဟာ
ကျမတို့တွေရဲ့ အမေနေ့လေ။
အဲဒီနေ့မှာ …..
မတရားမှုတွေ ကွယ်ပျောက်
အမှန်တရားတွေ ရောက်လာမယ်
သစ္စာရှိသူတွေ များလာမယ်
မေတ္တာတွေ လွှမ်းခြုံ ထားတဲ့
မြန်မာပြည်ကြီးကိုတွေ့ 
မျှော်လင့်ချက်တွေနဲ့
ကျမ…. အိပ်မက်က လန့် နိုးခဲ့တယ် အမေ ......။
ဇင်ဇင်
Tuesday, December 18, 2007
အမေများ နေ့
Subscribe to:
Post Comments (Atom)

ရန်သူနှင့်စကားပြောခြင်း
ကြိုးစင်ပေါ်မှမှတ်တမ်းများ (အိုးဝေဦးထွန်းအောင်နှင့်ဦးစံရွှေ) ချက်ဘာသာမှ မြန်မာပြန်ဆိုသည်
အမြင့်ပျံပြည်သူ့ လင်းယုန်အားဂုဏ်ပြုခြင်း
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ

No comments:
Post a Comment