ဆယ်ပြန်ထပ်ထပ် လူကိုသတ်လည်း
စိတ်ဓါတ်သေမည်မဟုတ်ပါ။
သွေးများဖိတ်လျှံ ပွင့်ထွက်အန်လည်း
အသံတိတ်မည်မဟုတ်ပါ။
အလောင်းချင်းစုံ တောင်လိုပုံလည်း
နှုတ်ငုံနေမည်မဟုတ်ပါ။
အိုငမိုက်သား
အင်အားတထောင် မာန်ကိုဆောင်လည်း
“အောင်ကျော်”ခြေရင်း မြက်ခင်းစိမ်း၌
ဠင်းတအစာ တနေ့ခါတွင်
သင်သာဖြစ်သွားရစိမ့်မည်။ ။
နီမင်း
(အရေးတော်ပုံစာဆောင် မှ..)
Friday, December 14, 2007
စစ်ကြေငြာခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment