![]() |
87th.Anniv |
၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင် အကြိုပွဲကို ဒီဇင်ဘာလ(၂)ရက်(တနင်္ဂနွေနေ)က တိုကျိုမြို့ အိခဲဘုကုရို တိုးရှိးမားကုကုမင်း စင်တာ အဆောက်အဦးခြောက်ထပ်မှာ ညနေ၅နာရီမှ ည၉နာရီအထိ ကျင်းပပြုလုပ်သွားခဲ့ကြ ပါတယ်။
အဲဒီပွဲကို ဦးစီးကျင်းပပြုလုပ်ခဲ့တာကတော့ ဂျပန်နိုင်ငံက သစ္စာတော်လှန်ရေးစာပေမဂွဇင်းကို ထုတ်ဝေနေတဲ့ သစ္စာအင်အားစုက ဖြစ်ပါတယ်။ ဆရာအောင်စောဦးက အမျိုးသားနေ့ ဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းကို ဟောပြောခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ အမျိုးသားနေ့ ရယ်လို့ ဖြစ်ပေါ်လာစေမယ့် သမိုင်းပြဇာတ်ကို သရုပ်ဖော်တင်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့  မင်းတုန်းဘုရင်တို့ရဲ့ စကားစစ်ထိုးခန်းအစီ အစဉ်၊ ၁၉၆၂ခုနှစ် ဦးနေ၀င်း အာဏာသိမ်းရာမှ မြန်မာပြည်ဒုက္ခပင်လယ်ဝေခဲ့ရပုံ၊ ဗိုလ်သန်း ရွေနှင့် ဒေါ်ကြိုင်ကြိုင်တို့ အား သရော်ထားသည့် ပြကွက်များနှင့်တွဲပြီး တေးသံချပ်များထိုး၍ ယနေ့ မျက်မှောက်ခေတ်မြန်မာပြည် အခြေအနေများကိုပါ မင်္ဂလာဒိုး မြန်မာ့ရိုးရာယဉ်ကျေးမှု အဖွဲ့ ဖြင့်တွဲဘက်၍ ဖျော်ဖြေသရုပ်ပြတင်ဆက်သွားခဲ့ပြီး သစ္စာအင်အားစုရဲ့  ဂျပန်တာဝန်ခံ တဦးဖြစ် တဲ့ ဦးကျော်ကျော်နိုင်မှ ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ည၉နာရီ မှာအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ သရုပ်ဖော်တင်ဆက်သွားခဲ့တဲ့ ပြဇာတ်အားလုံးကို ဆရာ အောင်စောဦးက ဦးစီးစီစဉ်ခဲ့ပြီဲးဒီပွဲကို ဂျပန်မြန်မာပရိသတ် ၂၀၀ကျော် တက်ရောက်အားပေး ခဲ့ကြပြီး တက်ရောက်လာသူတွေကို သစ္စာအင်အားစုက နိုဝင်ဘာလထုတ် သစ္စာတော်လှန်ရေး စာပေမဂွဇင်း၊ ၈၇ကြိမ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် ရင်ထိုး။ အလံပုံ။လက်ကိုင်ပ၀ါနှင့် တို့ဗမာအစည်းအရုံးသမိုင်းပထမတွဲ စာအုပ် အဖုံးတွေကို အခမဲ့ ဖြန့့်ဝေပေးခဲ့ပါ တယ်၊ဓါတ်ပုံ များကိုဖော်ပြပေးလိုက်ပါတယ်။
No comments:
Post a Comment